သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-01
နေပြည်တော်ကောင်စီနယ်မြေ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁ဝ ဦးဟာ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်းမှာ ဒီကနေ့ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-11-01
မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ဒီနေ့ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွ့ဲအစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ဟောပြောခဲ့ပြီး လူရွှင်တော် ငြိမ်းချမ်းနဲ့အဖွဲ့က လာရောက်ဖျော်ဖြေခဲ့ပါတယ်။
2015-11-01
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးသောင်းညွန့်က သူတို့ပါတီအနေနဲ့ မြို့နယ်အတွင်းရှိ မဲဆန္ဒနယ် ၂ ခုလုံးမှာ ၆ဝ ရာခိုင်နှုန်းစီ အနိုင်ရမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားလိုက်ပါတယ်။
2015-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဟာ သူရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ သာကေတမြို့နယ်မှာ မနေ့ညပိုင်းက မဲဆွယ်စည်းရုံးနေချိန် အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ၃ ဦးကို NLD ပါတီဘက်က ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွ့ဲဝင် ဦးဝင်းထိန်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-01
ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းရင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2015-11-01
ရန်ကုန်တိုင်း သာကေတမြို့နယ် အတွင်း NLD ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အပါအဝင် ပါတီဝင် သုံးဦး ဓားခုတ်ခံရတဲ့ အကြမ်းဖက်မှုကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအတွက်သတိထားကြဖို့လိုသလို ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းရေးအတွက် သတိထားစောင့်ကြည့်ဖို့လိုမယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှွတ်တော်ကိုယ်စားလှယ်လောင်းတချို့က သုံးသပ်လိုက်ပါတယ်။
2015-11-01
ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းသတင်းမီဒီယာတွေက နိုင်ငံရေးပါတီသတင်းတွေကို ရေးသား တင်ပြထားတဲ့အပေါ် လေ့လာစောင့်ကြည့်တဲ့ ဒုတိယအကြိမ်အစီရင်ခံစာကို Myanmar Institute for Democracy က ဒီကနေ့ အောက်တိုဘာ ၃ဝ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
2015-11-01
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်သူတွေဟာ မနေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲ ပေးရမှာဖြစ်ပါတယ်။
2015-11-01
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အဝေးသင်တက္ကသိုလ်တွေ စတင်ဖွင့်တော့မှာဖြစ်တာကြောင့် မိမိအရပ်ဒေသမှာ မဲဆန္ဒပေးခွင့်ရှိမယ့် ကျောင်းသူ၊ ကျောင်းသားတွေဟာ စစ်တွေမြို့ကို ကြိုတင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။
2015-11-01
ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တဲ့ အချိန်မှာ ပေါ်ထွက်နေတဲ့ သတင်းတွေ အမျိုးမျိုးကို အခြေခံပြီး ငြိမ်းအေးရှေ့ဆောင် ရွေးကောက်ပွဲ ပညာပေးအဖွဲ့ ဒါရိုက်တာ ဦးရဲအောင် ၊ FDB မြန်မာ နိုင်ငံဒီမိုကရက်တစ် အဖွဲ့ နိုင်ငံခြားရေးကော်မတီ ဝင် ဒေါ်ခင်ဥမ္မာနဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-10-31
အမျိုးစောင့်ဥပဒေ လေးရပ်ဟာ နိုင်ငံတော် သမ္မတရဲ့ မေတ္တာကြောင့် ပေါ်ပေါက် လာတာဖြစ်ပြီး မေတ္တာဟာ အသွား အပြန်ရှိသင့်တဲ့အကြောင်း ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားတော်မူပါတယ်။
2015-10-31
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ပညာရေး ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားနဲ့ ဝိုင်းရံသူတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း က မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။
2015-10-31
ပြည်သူတွေအနေနဲ့ မိမိတို့ မကြိုက်တဲ့အစိုးရကို ဖြုတ် ချနိုင်ဖို့အတွက် စည်းလုံးညီညွတ်ပြီး သစ္စာရှိဖို့လိုအပ် တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-10-31
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားမယ်ဆိုရင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တွင်းမှာလည်း ဒီမိုကရေစီထွန်းကားဖို့ လိုအပ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြော ပါတယ်။
2015-10-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွှတ်မြောက်စေဖို့အတွက် သံဃာတော်တွေနဲ့ ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။