စစ်ပွဲတွေ အရှိန်မြင့်လာ၊ စွန့်ပစ်မြေ စာပုံတွေ ပြိုကျတဲ့အကြောင်း
2015.11.29
အခုတစ်ပတ် အစီအစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က စစ်ပွဲတွေ အရှိန်မြင့်လာတဲ့ အကြောင်းနဲ့ ဖားကန့်ဒေသက စွန်ပစ်မြေစာပုံတွေ အကြိမ်ကြိမ် ပြိုကျတဲ့အကြောင်းတွေကို အခြေခံပြီး ကချင်ပြည်နယ် စည်းလုံးရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူနဲ့ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ တို့နဲ့ဆက်သွယ်ပြီး RFA ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။