အစိုးရသစ်ရဲ့ လက္ခဏာနဲ့ အလားအလာ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းသစ် အဖြစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖွဲ့စည်းလိုက်တဲ့ အကြောင်းနဲ့ ပြီးဆုံးသွားတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။

2011.04.03
president_thein_sein_oath_305_z.png သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)
Photo: AFP / HO / MRTV

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ NCGUB ပြည်ထောင်စုအမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇင်လင်း၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းနဲ့ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်း တို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။