ကော့မှူးမြို့နယ်က ရွေးကောက်ပွဲဝင်မယ့် ဦးဒေးဗစ်လှမြင့်နဲ့ တွေ့ဆုံမေးမြန်းချက်
2020.09.02
၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရဟာ ပါတီတစ်ခုတည်းက ဦးဆောင်ဖွဲ့စည်းနိုင်မယ့် အလားအလာမရှိဘဲ ညွန့်ပေါင်းအစိုးရ ဖြစ်လာဖွယ်ရှိတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
အရင်က လွှတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းကို ဆန့်ကျင်ခဲ့ပေမယ့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်မှ နိုင်ငံ့အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်လို့ ယူဆလို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ကို RFA သတင်းထောက် မဖြူဖြူခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။