ကချင်ဆရာမနှစ်ဦး အမှုမှန်ဖေါ်ထုတ်ရေး ကူညီအကြံပြုချက် အစိုးရလက်မခံ


2015.07.03

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ် မူဆယ်ခရိုင် ကောင်းခါးရွာမှာအသတ်ခံရတဲ့ ကချင်ကျောင်းဆရာမ ၂ ဦးကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ဖေါ်ထုတ်ရေး အကူအညီအပေးနေတဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ တရားရေးဝန်ထမ်းများနဲ့ ရပ်မိရပ်ဖများရဲ့ အကြံပြုချက်တွေ့ရှိချက်တွေကို အာဏာပိုင်တွေက လက်မခံဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ဖေါ်ထုတ်ရေးအဖွဲ့ခေါင်းဆောင်KBCက သိက္ခာတော်ရဆရာတော် ဒေါက်တာဆမ်ဆွန်ခလမ် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။