စစ်တပ်သိမ်းထားတဲ့လယ်မြေ ရခိုင်ပြည်နယ်မှာ ဧက ၃ဝ,ဝဝဝ ရှိ


2015.07.05

ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧကပေါင်း သုံးသောင်းလောက်ရှိပြီး အဲဒီအထဲက ဧကတစ်သောင်း နီးပါးလောက်ကို တောင်သူတွေထံ ပြန်လည်ပေးအပ်ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်မှာ လယ်ယာမြေ သိမ်းဆည်းမှုတွေကို မှတ်တမ်းလိုက်လံယူနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမား ရေးရာအဖွဲ့က တာဝန်ခံ ကိုမျိုးသန့်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။