စီမံခန့်ခွဲမှု မကောင်းလို့ နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်တာလို့ စစ်ဆေးရေးအဖွဲ့ပြော
2018.01.13
တစ်နှစ်ကို ကျပ်ငွေဘီလီယံ ၄၀၀/၅၀၀ လောက် ၅ နှစ်ဆက်တိုက်ဆုံးရံှုးနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာတင်သွားမှာ ဖြစ်ပါတယ်။ ကွင်းဆင်းစစ်ဆေးချက် အရ နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်တာဟာ စီမံခန့်ခွဲမှု မကောင်းလို့ ဖြစ်တယ်လို့ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။