ဒုက္ခသည် ပြန်ပို့မယ့်အစီအစဉ် ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းမပြန်
2018.03.26
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့အထိ အချက်အလက် အထောက်အထား ပြည့်စုံတာကြောင့် မြန်မာပြည် ပြန်လာခွင့်ပြုထားတဲ့သူ ၅၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရထံပေးပို့ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြန်ပို့မယ့်အစီအစဉ်ကို ၁ လခန့်ကြို ကြိုတင် အကြောင်းကြားမှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က တစ်စုံတရာအကြောင်းပြန်မှု မရှိသေးဘူးလို့ ဦးမြင့်သူ က ပြောပါတယ်။