ဦးဘိုဘိုမင်းသိုက် သေဆုံးမှု AA နဲ့ မပတ်သက်ကြောင်း ခိုင်သုခ ပြော
2018.02.06
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရတာဟာ ရက္ခိုင့်တပ်မတော် AA က ကြိုတင်ကြံစည်တာဖြစ်ပြီး၊ အဲဒီလို ဆောင်ရွက်ပေးတဲ့သူဟာ မူးယစ်ဆေးရောင်းလို့ရတဲ့ ငွေနဲ့ AA အဖွဲ့ကို လက်နက်ထောက်ပံ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။
ဒါဟာ ရက္ခိုင့်တပ်မတော် AA ကို သိက္ခာချဖို့ ဇာတ်လမ်းဆင်တာလို့ AA အဖွဲ့က ပြောသလို၊ ပြည်ထဲရေးဌာနက ပြောတဲ့ M-16 လက်နက်တွေဆိုတာကို AA အဖွဲ့မှာ မသုံးဘူးလို့လည်း ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။