ကြားဖြတ်ရွေးကောက်ပွဲကို PACE အဖွဲ့က လူ ၆ဝဝ ခန့် စောင့်ကြည့်မည်


2018.06.07

လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့က လူအင်အား ၆ဝဝ ခန့်နဲ့ စောင့်ကြည့်လေ့လာဖို့ စီစဉ်နေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကြေညာပြီး တစ်ပတ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် အသေးစိတ်ကို ကြေညာခဲ့ပေမယ့် လက်ရှိမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

စိုင်းရဲကျော်စွာမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။