အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပူဂင်ကမ်းလျန်နဲ့ မေးမြန်းခန်း-ပထမပိုင်း
2020.03.12
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ ချင်းပြည်နယ် အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင်ကမ်းလျန် ကို RFA သတင်းထောက် ကိုသီဟထွန်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတစ်ပတ် ပထမပိုင်းကို ရှုစားကြရမှာပါ။
ပထမပိုင်းမှာတော့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ချင်းပြည်နယ် လူထုရဲ့ထောက်ခံမှု၊ ပွတ်တိုက်မှုပြင်းထန်တဲ့ တိုင်းနယ်ပြည်နယ် ဝန်ကြီးချုပ်ခန့်ပိုင်ခွင့် ပုဒ်မ-၂၆၁ ပြင်ဆင်ရေးအပေါ် အမြင်သဘောထား၊ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု စတာတွေကို RFA က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။