စောင့်ကြည့်လူနာဖြစ်သွားသူ ဆရာဝန်တဦးနဲ့ ဆက်သွယ်မေးမြန်းချက်
2020.04.22
COVID 19 လူနာ အမှတ် ၁၀၉ ကိုကုသပေးခဲ့တဲ့ ဆေးခန်းက ဆရာဝန် ၄ ယောက်နဲ့ သူနာပြု ၂ ယောက်၊ လုပ်အားပေး ၂ ယောက်၊ စုစုပေါင်း ၈ ယောက် သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံနေရပါတယ်။
လူနာဟာ ဆေးကုသခံယူစဉ်မှာ ဖေဖော်ဝါရီလတုန်းက သူခရီးသွားခဲ့ဖူးတာကို မပြောဖြစ်တဲ့အတွက် ကုသမှု နောက်ကျခဲ့ရပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း သူတို့ကတဆင့် နောက်လူတွေမကူးအောင် သီးသန့်စောင့်ကြည့်ခံနေရတာလို့ လူနာ အမှတ် ၁၀၉ ကို ကုသပေးခဲ့တဲ့ဆရာဝန်တွေထဲက တယောက်ဖြစ်တဲ့ ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။
ဒေါက်တာကျော်စွာဦးကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။