သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်သောင်းနှစ်ထောင် နီးပါးရှိ
2017.07.18
တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇ လ တာကာလအတွင်း ၁၁၇ဝဝ ကျော်ရှိပြီး သေဆုံးသူ ၆၆ ဦးရှိနေတဲ့အတွက် မနှစ်ကထက် ဖြစ်ပွားမှုနှုန်း ပိုများနေပါတယ်။
လက်ရှိဇူလိုင်လဟာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးဖြစ်နိုင်ခြေရှိတာကြောင့် အထူးသတိထားကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန သွေးလွန် တုပ်ကွေးတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်း က သတိပေးလိုက်ပါတယ်။
ဒေါက်တာဇော်လင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။