ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကိစ္စ ဒေါက်တာအောင်အောင်မင်း နဲ့ မေးမြန်းချက်
2018.02.01
ပညာရေးဘတ်ဂျက်တိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ/ကျောင်းသားတွေကို နောက်နောင်အကျင့်စာရိတ္တတွေ၊ ကျောင်းစည်းကမ်းတွေ မဖေါက်ပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ကို မိဘအုပ်ထိမ်းသူတွေရဲ့ ထောက်ခံချက်နဲ့ အသနားခံစာတင်လာရင် ကျောင်းပြန်တက်ခွင့်ပေးရမယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ညွှန်ကြားချက်ကို ပညာရေးဝန်ကြီးဌာက ကျောင်းအသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဒီနေ့မနက်ပို့လိုက်ပါတယ်။
ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။