နည်းပြ ၂၇ဝဝ ကျော်ကို လက်ထောက်ကထိက ရာထူးခန့်လိုက်ပြီ
2016.08.13
အစိုးရသစ် လက်ထက်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းက တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမ ၂၇ဝဝ ကျော်ကို သြဂုတ်လ ၁၁ ရက်နေ့မှာ လက်ထောက်ကထိက ရာထူးတိုးပေးလိုက်ပါတယ်။ ရာထူးတိုးတက္ကသိုလ်ဆရာဆရာမတွေ အရည်အသွေးပြည့်မီရေးအတွက် မွန်းမံသင်တန်းတွေပေးသွားမှာ ဖြစ်တဲ့အတွက် ဒီအစိုးရသက်တမ်းမှာ ပညာရေးကဏ္ဍဟာ ပိုမိုအရည်အသွေးပြည့်မီလာမယ်လို့ထင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။ ဒေါက်တာသိန်းဝင်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။