နောက်ဆက်တွဲ ငလျင်တွေ လှုပ်နိုင်တယ်လို့ ငလျင်ကေ်ာမတီ ခန့်မှန်း
2018.01.13
မနေ့က ညပိုင်းတွေမှာ ဆက်တိုက်လှုပ်ခတ်သွားတဲ့ ငလျင်တွေဟာ ဖြူးမြို့နယ် အနောက်တောင်ဘက် ပဲခူးရိုးမတောအတွင်းနေရာကို ဗဟိုပြုပြီး လှုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောပါတယ်။ အဲဒီငလျင်တွေဟာ အနောက်ပဲခူးရိုးမ ပြတ်ရွေ့ကနေ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်လှုပ်တာတွေလည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့် က ပြောပါတယ်။
ဒေါက်တာမျိုးသန့် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။