မြန်မာ့စီးပွားရေး အလားအလာအကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ ဆက်သွယ်မေးမြန်းချက်
2018.02.17
လတ်တလော မြန်မာ့ငွေကြေး ဖောင်းပွနှုန်းဟာ ၅% ကျော်ပဲရှိပြီး၊ ပြည်ပကို ဆန်တင်ပို့တာနဲ့ ပြောင်းဈေး ကောင်းတဲ့အတွက် တောင်သူတွေ ခံသာနေသလို၊ တဘက်မှာတော့ ပဲဈေးကွက် မကောင်းတာ၊ အိမ်ခြံမြေဈေးကွက် ကျနေတာက အခက်အခဲဖြစ်နေပါတယ်။ ဒါ့အပြင် ဝင်ငွေလမ်းကြောင်း မပြနိုင်တဲ့သူတွေကို ကောက်ခံတဲ့ ဝင်ငွေခွန်လျှော့ချပေးဖို့လည်း လွှတ်တော်မှာ ဆွေးနွေးနေကြပါတယ်။
မြန်မာ့စီးပွားရေး အလားအလာနဲ့ပတ်သက်လို့ ဦးခင်မောင်ညို (ဘောဂဗေဒ) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။