အပစ်ရပ် ၈ ဖွဲ့နဲ့ တရုတ် အထူးကိုယ်စားလှယ် တေ့ွဆုံခဲ့တဲ့အကြောင်း မေးမြန်းချက်
2018.02.14
NCA စာချုပ်မှာ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်က ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ မနေ့က ရန်ကုန်မြို့က တရုတ်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေ တိုက်ရိုက်တွေ့ဆုံနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်က တတ်နိုင်တဲ့ဘက်က ကြိုးပမ်း ဆောင်ရွက်ပေးနေတဲ့အကြောင်း မစ္စတာဆွန်ကော်ရှန်းက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီးစိုင်းငင်း က ပြောပါတယ်။
ဗိုလ်မှူးကြီးစိုင်းငင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။