ရေဘေးအတွက် အရေးပေါ်နံပါတ်တွေ ထုတ်ပြန်ထား


2016.08.03

ဧရာဝတီမြစ်ရိုးတလျှောက် ရေကြီးနေတဲ့ဒေသခံပြည်သူတွေကို အစိုးရက ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပြီး အရေးပေါ်လိုအပ်မယ့် စားနပ်ရိက္ခာနဲ့အသုံးအဆောင်တချို့ကို ကူညီနေပါတယ်။ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ပူးပေါင်းကူညီမှုကို ကြိုဆိုကြောင်းနဲ့ ပြည်သူတွေ အရေးပေါ် ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းလိုင်း ၂ လိုင်းကိုလည်း၂၄ နာရီဖွင့်ထားကြောင်း သက်ဆိုင်ရာကပြောပါတယ်။ ဆက်သွယ်ရမယ့် နံပါတ်တွေကတော့ ဝ၆၇-၄ဝ၄-၆၆၆ နဲ့ ဝ၆၇-၄ဝ၄-၇၇၇ တို့ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ကို RFA အဖွဲ့သား ကိုနေရိန်ကျော် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။