ဝိနည်းနဲ့မညီတဲ့ ရဟန်းသံဃာတွေကို အရေးယူနိုင်ရေး မေးမြန်းချက်
2018.02.21
ဝိနည်းနဲ့မညီတဲ့ ရဟန်းသံဃာတော်တွေကို ဓမ္မစက်ကနေ အာဏာစက်နဲ့ အရေးယူနိုင်ရေး ထပ်မံညွှန်ကြားသင့်ပါကြောင်း သာသနာရေးဝန်ကြီးှဌာန ဝန်ကြီးသူရဦးအောင်ကိုက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးမှာ လျှောက်ထားလိုက်ပါတယ်။ သာသနာတော်သန့်ရှင်းရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာနတို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ရှိပါသလဲ။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သာသာနာ့ရေးရာ ဝိနိစ္စယဌာနခွဲက ညွန်ကြားရေးမှူး ဦးထွန်းညွှန့် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။