မောင်တောမြို့က ဟိန္ဒူတွေ အခက်အခဲဖြစ်နေ
2018.02.21
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ARSA အကြမ်းဖက်သမားတွေရဲ့ ရန်ကိုကြောက်ပြီး စစ်တွေကို ထွက်ပြေးသွားခဲ့တဲ့၊ မောင်တောမြို့နယ် လေးမိုင်ရွာက ဟိန္ဒူလူမျိုးတွေဟာ မောင်တောမြို့မှာ လောလောဆယ် ခိုလှုံနေကြပါတယ်။ သူတို့အတွက် အစားအသောက် အခက်အခဲရှိသလို၊ ဒေသခံရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က သူတို့ကိုပြန်မောင်းထုတ်နေတယ်လို့လည်း ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဖူလ်မော်တီပါလာ ဆိုတဲ့ ဒုက္ခသည် အမျိုးသမီးတစ်ယောက် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။