ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ မေးမြန်းချက်
2018.01.18
နိုင်ငံတော် သမ္မတက အမည်တင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာမှာ ခန့်အပ်ဖို့အတွက် ဒီကနေ့ တိုင်းလွှတ်တော် အစည်းအဝေးက သဘောတူ အတည်ပြုလိုက်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးလှမိုးအောင်အနေနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးကို အခြေခံပြီး စီပွားရေးတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဦးလှမိုးအောင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။