အင်းပတီးရွာသားတွေကို ပြောင်းရွှေ့ဖို့ သတိပေး
2014.03.14
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးလေးရွာနဲ့အတူ အဖျက်ခံထားရတဲ့ အင်းပတီးရွာသားတွေကို သူတို့ခေတ္တခိုလှုံနေတဲ့ ဝါးတောထဲကနေ ပြောင်းရွှေ့ဖို့ ရဲညွှန့်တပ်က ထပ်မံသတိပေးလိုက်ပြီး၊ လက်ရှိနေရာကနေ မြို့ပေါ်သွားတဲ့လမ်းကိုလည်း စစ်တပ်က ခြံစည်းရိုးတွေ ခတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အင်းပတီးရွာသား ကိုမျိုးမင်းထွန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။