သင်ရိုးသစ်အကြောင်း ဒေါက်တာအောင်အောင်မင်းနဲ့ မေးမြန်းချက်
2017.12.12
ဒုတိယတန်းသင်ရိုးသစ်ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တော့မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးက မူလတန်းဆရာတွေကို သင်တန်းတွေ စပေးတော့မှာဖြစ်ပါတယ်။
သင်ရိုးသစ်ဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ကျင့်သုံးနေတဲ့ပညာရေးစံနစ်တွေနဲ့ မြန်မာ့ပညာရေးကို ကိုက်ညီအောင်ကြိုးစားတဲ့ ခြေလှမ်းဖြစ်တယ်လို့ အခြေခံပညာ၊ ဆရာအတတ်ပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
ဒေါက်တာအောင်အောင်မင်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။