တမိသားစုလုံး ကိုဗစ်ပိုးကူးစက်ခံနေရတဲ့ လွှတ်တော်ကိုယ်စားလှယ်
စောဖိုးခွား
2020.09.11
2020.09.11
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ရဲ့ အမျိုးသမီးနဲ့ အသက်(၂) နှစ်အရွယ် ကလေးငယ်လေး အပါအဝင် မိသားစုဝင် (၄)ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပါတယ်။
သူကတော့ လက်ရှိရောဂါထိန်းချုပ်ရေး စောင့်ကြည့်စင်တာမှာ စောင့်ကြည့်ခံနေရပြီး ပထမအကြိမ်ဆေးစစ်ရာမှာတော့ ရောဂါမတွေ့ပါဘူး။ သူနဲ့ထိတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့လည်း နေအိမ်မှာ အသွားအလာ စောင့်ကြည့်ခံထားရတာပါ။
ဒေါက်တာဝေဖြိုးအောင်တို့ မိသားစုအခြေအနေတွေကို RFA ဝိုင်းတော်သား စောဖိုးခွားက အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။