တနင်္သာရီတိုင်းမှာ ရွေးကောက်ပွဲဝင်မယ့် ဒေါ်ညိုညိုသင်းနဲ့ တွေ့ဆုံမေးမြန်းချက်


2020.08.19
dr-nyonyothin-interview-thumb-622 တနင်္သာရီတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၉) ကနေ ရွေးကောက်ပွဲဝင်မယ့် ဒေါက်တာ ညိုညိုသင်းနဲ့ တွေ့ဆုံမေးမြန်းစဉ်
Photo: RFA

မွေးရပ်ဇာတိနဲ့ ကြီးပြင်းရာနေရာမဟုတ်လို့ စိန်ခေါ်မှုကြီးမားပေမယ့် သဘာဝသယံဇာတပေါများပြီး ဖွံ့ဖြိုးမှုအားနည်းနေတဲ့ တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လိုတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းနဲ့ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွေကို ဆောင်ရွက်လိုတာကြောင့် တနင်္သာရီတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၉) ကနေ ရွေးကောက်ပွဲ ဝင်တာလို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

လူသိများတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲမဝင်ဘဲ တနင်္သာရီမြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်နေရာကို ဝင်ရောက်အရွေးခံမယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။