အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းမယ့် ကရင်နီပြည် လူမျိုးပေါင်းစုံတပ်ဦး (KNPLF)
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.04.20
2021.04.20
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပူးပေါင်းပါဝင်မယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နာယက စောညာမော်မဲက ပြောလိုက်ပါတယ်။
တိုင်းရင်းသားတွေ လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို NUG အစိုးရက ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရင်း လူ ၇၀၀ ကျော် သေဆုံးသွားခဲ့ရပြီဖြစ်ပေမယ့် ဒီတိုက်ပွဲဟာ စစ်အာဏာရှင်ပြုတ်ကျရေး နောက်ဆုံးတိုက်ပွဲဖြစ်တာမို့ ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ဖို့၊ လက်မလျှော့ကြဖို့ တိုက်တွန်းလိုက်ပြီး အောင်ပွဲရောက်ဖို့ မဝေးတော့ဘူးလို့လည်း သူက အားပေးလိုက်ပါတယ်။
KNPLF နာယက စောညာမော်မဲကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။