ကိုဝေမိုးနိုင်ကို လူသတ်မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲ
2021.04.21
စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အတွက် စွမ်းအားရှိသမျှ ကြိုးစား ဖြေရှင်းသွားမယ်လို့ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက ပြောပါတယ်။ ကိုဝေမိုးနိုင်ကို ဧပြီလ ၁၅ ရက်နေ့က ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့အတူ လိုက်ပါလာစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကား နဲ့ တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။
သူ့ကို လူသတ်မှုအပါအဝင် ပုဒ်မ ၃ ခု နဲ့ တရားစွဲထားပြီး လက်ရှိအချိန်အထိ စစ်ကြောရေးမှာ ထိန်းသိမ်းထားဆဲလို့ သိရပါတယ်။ ကိုဝေမိုးနိုင်ရဲ့ မိခင် ဒေါ်မိုးစန္ဒာကြူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။