KNU ဗဟိုအလုပ်အမှုဆောင်ဟောင်း ပဒိုမန်းငြိမ်းမောင် နဲ့ တွေ့ဆုံမေးမြန်းချက်

ဝေမာထွန်း
2020.08.17

ကိုကိုးကျွန်းအကျဉ်းစခန်းကနေ ပင်လယ်ဖြတ်ပြီး စွန့်စားထွက်ပြေးခဲ့ဖူးတဲ့၊ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ပဒိုမန်းငြိမ်းမောင်က သူဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အတွေ့အကြုံရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင် အထည်ဖော်နိုင်မယ်လို့ ယုံကြည်တာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်တာလို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ကရင်ပြည်သူ့ပါတီကနေ ဝင်ရောက်အရွေးခံမယ့် သူ့အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် တိုင်းရင်းသားအခွင့်အရေးကို နားလည်လက်ခံတဲ့ ပါတီနဲ့ လွှတ်တော်ထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။