စစ်အာဏာရှင်ပြုတ်ကျရေး အစွမ်းကုန်ပံ့ပိုးမယ်လို့ ချမ်းချမ်းပြော

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.04.09

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်မချင်း စစ်အာဏာရှင်ပြုတ်ကျရေးကို ရရာနေရာကနေ အစွမ်းကုန် ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အဆိုတော် ချမ်းချမ်းက ပြောလိုက်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီရေးအတွက် အသက်ပေးသွားရသူအားလုံးကိုလည်း အထူးလေးစား ကျေးဇူးတင်ကြောင်း နဲ့ စစ်အာဏာရှင်တွေ ကျဆုံးတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အားတင်းထားကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

အီတလီနိုင်ငံမှာရောက်ရှိနေတဲ့ အဆိုတော်ချမ်းချမ်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Maung Aung Kyaw Kyaw
2021-04-09 23:25

Generals always say that We are for People that so why the people not accept them. Plz think about it, Generals. take part into CDM Movements and Think about Your Children Future and Future of Country. We also always welcome to you to include CDM movements.