ကချင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦးနဲ့ မေးမြန်းချက်
2018.02.26
လာမယ့် မတ်လ ၇ ရက်နေ့မှာ စတင်မယ့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းလွှာတွေကို ကချင်ပြည်နယ်က စာစစ်ဋ္ဌာန ၆၆ ခုက တာဝန်ရှိတဲ့ ပညာရေးဝန်ထမ်းတွေဟာ လုံခြုံရေး အစီအမံတွေနဲ့ ထုတ်ယူသယ်ဆောင်နေကြတယ်လို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး က ပြောပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ အစွန်အဖျား ဒေသတွေအပါအဝင် တစ်ပြည်နယ်လုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မေးမြန်းထားပါတယ်။