ဖမ်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ဆောင်မယ့် ဦးလမိုင်ဂွန်ဂျာနဲ့ မေးမြန်း ချက်


2015.01.18

ဒီလ ၁၄ ရက်နေ့က ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃ ဦးကို မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်တွေက တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နဲ့ ဆက်သွယ်ပြီး ဒီနေ့ သွားရောက်ခေါ်ဆောင်နေပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

မဝေမာထွန်း။            ။ဒီနေ့ ကေအိုင်အိုနဲ့ အစိုးရဘက်က ဖားကန့်မှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေ ဆရာ ဘာများထူးပါလဲလို့ရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။အခုလောလောဆယ်တော့ တိုက်ပွဲဖြစ်တယ်ပေါ့ဗျာ၊ဒါကတော့ မထူးခြားသေးဘူးဗျ။

မဝေမာထွန်း။            ။နှစ်ဘက်ပတ်မိနေတဲ့ ရွာတွေကိုပေါ့ ပီစီဂျီက တာဝန်ယူပြီးတော့ သွားပြီးတော့ ကယ်ထုတ်မယ် လို့လည်း ကြားပါတယ်ဆရာ၊ အဲ့ဒါကရောဆရာ ဘယ်လိုမျိုးများ အခြေအနေရှိပါလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။အဲ့ဒါအခြေအနေ ဘယ်လိုလဲဆိုတာ မသိသေးဘူးဗျ၊ ကျနော်တို့အခု ဖားကန့်ကို မရောက်သေးဘူး၊ ဖားကန့်ရောက်သွားမှပဲ ဟိုမှာရှိတဲ့တပ်တွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်ဗျ၊ မနက်ကထွက်လာကတည်းက လမ်းမှာလည်း တံတားတွေကျိုးတယ်ဗျာ၊ ကျနော်တို့ တံတားတွေပြင်ပြီးတော့မှ ယာယီ တက်ဖို့အတွက် လမ်းပြင်နေတယ်ဗျ။

မဝေမာထွန်း။            ။ရွာသားတွေကိုကယ်ထုတ်ဖို့ ဆရာ့အနေနဲ့ ကြိုးပမ်းနေတာကျတော့လေ ဘယ်နှစ်ရက်လောက် များ ရှိပြီလည်းမသိဘူးရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။ကျနော်တို့ အဲ့ဒါကို သက်ဆိုင်ရာအစိုးရကို ပြောတယ်လေ၊ အစိုရဘက်ကနေပြီးမှ ဟိုမှာ လုံးခင်း၊ ဖားကန့်မှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဘုန်းကြီးအဖွဲ့တွေ သူတို့က ကြိုဖို့သွားတယ်ဆိုပြီးမှ ဆန်ခါအထိကိုတော့ ကားရောက်ပြီလို့ပြောတယ်၊ ဆက်သွားလို့တော့ မရသေးဘူးပြောတယ်၊ အဲ့ဒါဘယ်လိုကြောင့် ဖြစ် သွားလဲတော့မသိဘူး၊ ကျနော်တို့ ကိုယ်တိုင်ရောက်တဲ့အခါကျတော့မှပဲ သက်ဆိုင်ရာတပ်တွေက အစိုးရအဖွဲ့တွေကို ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားရမှာပါပဲ။

မဝေမာထွန်း။            ။ပီစီဂျီအနေနဲ့ကျတော့ ဒီနေ့မှ သွားတာပေါ့နော် ဆရာ။

ဦးလမိုင်ဂွန်ဂျာ။                   ။ဟုတ်တယ်ဗျာ အဲ့ဒီမှာ ရဲ ၃ ယောက်ကိုလေ အဲ့ဒီမှာဖမ်းထားတယ်၊ ရဲတွေကိုသွား လက်ခံပြီးတော့မှ အစိုးရကို ပြန်အပ်ပေးဖို့အတွက်ဆိုပြီးတော့မှ ဟိုမှာ ဗဟိုကလည်း အကြောင်းကြားလာလို့။

မဝေမာထွန်း။            ။ရဲ ၃ ဦးကို ပြန်လွှတ်ပေးဖို့အတွက်ကိုရော ဆရာ ဘယ်လိုမျိုးလုပ်ဆောင် သွားဖို့ရှိလဲ ဆရာ။

ဦးလမိုင်ဂွန်ဂျာ။                   ။ကျနော်တို့ရောက်တဲ့အချိန်မှာ ဟိုမှာဖားကန့်မှာ ရောက်တဲ့အချိန်မှာ တပ်ရင်း ၆ တပ်ရင်းအဖွဲ့တွေကို ကျနော်တို့ ဆက်သွယ်ပြီးတော့မှ သူတို့ဘယ်နားထားတယ်ဆိုတာ စုံစမ်းဆက်သွယ်ပြီးတော့မှပဲ ကျနော်တို့က သွားခေါ်မှာဖြစ်တယ်ဗျ။

မဝေမာထွန်း။            ။ပီစီဂျီကိုကျတော့ရော ဆရာ အစိုးရစစ်တပ်ပိုင်းကရော ဘယ်လိုအကြောင်းကြားမှုမျိုးတွေ ရှိပါလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။ကျနော်တို့က ဖြစ်ဖြစ်ချင်း ဒီမှာ ၁၃ ရက်နေ့ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့တော့မှ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပဋိက္ခညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့မှ အခုကိစ္စနဲ့ပတ်သက်လို့တော့ ရဲတွေကိုဖမ်းသွား တာကို ပြန်လွှတ်ပေးဖို့အတွက်ဆိုပြီးမှ ကေအိုင်အို ဗဟိုကို အကြောင်းကြာခိုင်းတယ်ခင်ဗျ၊ အဲ့ဒီအကြောင်းကြားခိုင်း တဲ့အပေါ်မှာ ကျနော်တို့ ဗဟိုကို အကြောင်းကြားတဲ့အခါမှာ ဗဟိုကလည်း သူတို့ဗဟိုကနေအမိန့်နဲ့ လုပ်ခိုင်းတာ မဟုတ်ဘူး၊ အောက်ခြေမှာဖြစ်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကိုဆင့်ကဲဆင့်ကဲပေါ့လေ ဗဟိုကနေပြီးမှ တပ်မဟာ ၂ တပ်မဟာ ၂ ကနေပြီးတော့မှ တပ်ရင်း ၆ တပ်ရင်းတပ်ဖွဲ့တွေကို အကြောင်းကြားပြီးတော့မှ ဖြစ်ခဲ့ တဲ့ရှေ့တန်းမှာရှိတဲ့ တပ်ခွဲတွေကို သေချာစိစစ်ပြီးမှ သေချာတယ်ဆိုရင် ပြန်လွှတ်ပေးဖို့အတွက်ဆိုပြီး ကျနော်တို့ ကိုပြောပါတယ်ဗျ၊ အဲ့ဒီနောက်နေ့ပြန်လွှတ်ဖို့ဆိုတဲ့နေရာမှ မနက်ဖြန် ၅ နာရီခွဲလောက်ကနေပြီးမှ တိုက်ပွဲပြန်ဖြစ်တဲ့ အခါကျတော့ အခုအချိန်အထိ ကြန့်ကြာမှုတွေဖြစ်သွားတာ ဖြစ်ပါတယ်ဗျ၊ မနေ့ကပဲ ကျနော်တို့ကိုဗျာ အကြောင်းကြား တာပေါ့လေ၊ သူတို့အဲ့ဒီ ဖမ်းထားတာတွေကို သွားခေါ်ဖို့အတွက် ကျနော်တို့ ပီစီဂျီအနေနဲ့ တာဝန်ယူပြီးတော့မှ အဲ့ဒီမှာသွားခေါ်ပြီးတော့ ပြန်အပ်ပေးဖို့ဆိုပြီးသွားလို့ အခုကျနော်တို့ ဖားကန့်ကိုတက်သွားတာဖြစ်ပါတယ်ခင်ဗျ။

မဝေမာထွန်း။            ။ဆရာ သူတို့ကို ခေါ်လာပြီးတော့ ပြန်အပ်တဲ့အခါကျတော့ရော ဆရာတို့ ဘယ်အထိသွားအပ် ရမလဲမသိဘူးရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။ကျနော်တို့ ဖားကန့်မှာပဲလေ အစိုးရအဖွဲ့တွေကို ပြန်သွားအပ်ဖို့ပါပဲ။

မဝေမာထွန်း။            ။ဆရာ ရွာသားတွေကို ကယ်ထုတ်ဖို့ကျတော့ရော ရွာသားတွေကို ဘယ်မှာထားဖို့ ဆရာတို့ စီစဉ်ထားလဲရှင့်။

ဦးလမိုင်ဂွန်ဂျာ။                   ။အဲ့ဒါတော့ ဟိုမှာရှိတဲ့ဒေသခံတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဘုန်းကြီးတွေရှိ တယ်၊ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်မှာထားရမလဲဆိုတဲ့ဥစ္စာကတော့ သူတို့နဲ့ ညှိနှိုင်းပြီးမှ သိရမယ်ဗျာ၊ အခု ကျနော်တို့ လမ်းခုလက်မှာပဲရှိသေးတဲ့အခါကျတော့ ဘာမှမသိရသေးဘူဗျ။

မဝေမာထွန်း။            ။ကျေးဇူးအများကြီး တင်ပါတယ် ဆရာရေ။

ဦးလမိုင်ဂွန်ဂျာ။                   ။ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။