ကချင် စစ်ဘေးဒုက္ခသည်အရေး မေးမြန်းချက်


2018.05.05

တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ ထွက်ပြေးပြီး တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ကယ်ထုတ်ဖို့စီစဉ်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ဘာသာရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

တောတောင်တွေထဲကို ထွက်ပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တပ်မတော်က အောင်လော့ဒ်ကျေးရွာမှာ ပြန်လာနေလို့ရပြီဖြစ်တယ်လို့ ပြောကြားထားပေမယ့် ဒီနေ့အထိ ပြန်လာနေတဲ့ သူမရှိသေးဘူးလို့ ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီအဖွဲ့ဝင် ဒေါ်ဆွတ်ဆိုင်းထွယ် ကပြောပါတယ်။

ဒေါ်ဆွတ်ဆိုင်းထွယ် ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။