အင်ဂျန်းယန်မြို့ပေါ် ထွက်ပြေးလာတဲ့ ဒုက္ခသည် အခြေအနေ


2018.05.21

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့ပေါ် ထွက်ပြေးရောက်ရှိနေသူတွေကို မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးအပါအဝင် ခရိုင်အဆင့်တာဝန်ရှိသူတွေ၊ ကြက်ခြေနီအသင်းနဲ့ အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို လုံခြုံရေးယူပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးတာတွေ ဆောင်ရွက်နေတယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လဒီး က ပြောပါတယ်။

ဦးခေါင်လဒီး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။