ပူတာအိုက စစ်ဘေးဒုက္ခသည်တွေ ဆီ သွားရောက်ကူညီဖို့ အခက်တွေ့


2015.07.19

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲ တွေ ပြင်းထန်နေတာကြောင့် မလိခမြစ်နားမှာ ရှိတဲ့ ရွာ ၅ ရွာက ဒေသခံ တစ်ထောင်ကျော်လောက် တောထဲကို ထွက်ပြေးနေကြပါတယ်။

ဒေသခံ တစ်ထောင်ကျော်ကို မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ချင်းခရစ်အဖွဲ့က ကူညီဖို့သွားရောက်မယ်ဆိုရင် ပြည်နယ်အစိုးရက လုံခြုံရေး မပေးနိုင်ကြောင်း ငြင်းဆိုထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့က ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့က သတင်းနဲ့ ပြန်ကြားရေးမှုး ဦးလမာရော်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။