ကမန်တိုင်းရင်းသားတွေ လွတ်လပ်စွာ သွားလာနိုင်
2016.08.15
ကမန်တိုင်းရင်းသားတွေ ပြည်တွင်းမှာ လွတ်လပ်စွာသွားလာခွင့်ရရှိဖို့၊ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ကမန်တွေရဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးဖို့ကိစ္စတွေကို ကမန်အမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်လဝကမှူးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကမန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။