အမျိုးသားအဆင့်ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဖျက်သိမ်းမှု၊ ရခိုင်အမျိုးသားပါတီနဲ့ မေးမြန်းချက်


2018.03.22

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ဖွဲ့စည်းထားတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို မတ်လ ၂၀ရက်နေ့က ဖျက်သိမ်းလိုက်ပါတယ်။ ခုလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မပြုလုပ်နိုင်တဲ့ ပြည်နယ်တွေဟာလည်း ရှမ်းပြည်နယ်က တချို့နေရာတွေနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပါတယ်။ အခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ပြည်လုံးမှာ မလုပ်နိုင်ဘဲ ၂၁ ပင်လုံညီလာခံကျင်းပခြင်းဟာ အဆင့်ကျော်ပြုလုပ်ခြင်းဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ယူဆပါတယ်။ ANP ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။