KIA နည်းပညာပိုင်းဆိုင်ရာအကြံပေး ဦးဒေါင်းခါးနဲ့ မေးမြန်းချက်
2015.12.13
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကေအိုင်အေ တပ်မဟာ (၄) နယ်မြေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA တပ်တွေ အနေနဲ့ အကြောင်းမကြားဘဲ ဝင်ရောက်သွားလာနေတာကြောင့် နှစ်ဖက်တပ်တွေ စစ်ရေး တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့နည်းပညာပိုင်းဆိုင်ရာအကြံပေး ဦးဒေါင်းခါးကို အာအက်ဖ်အေ သတင်းထောက်မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။