KNU တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲဖြစ် ဒေသခံတွေ ထွက်ပြေးနေရ
2018.03.07
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရစစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေကို ပစ်ခတ်မှုတွေရှိနေတာကြောင့် အထိတ်တလန့် ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပစ်ခတ်တာမျိုး အခု မတ်လအတွင်း ၃ကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။ အလားတူ ဒေသတွင်း ဝင်ရောက်လာတဲ့ အစိုးရတပ်တွေကို KNU ဘက်ကလည်း ပစ်ခတ်မှုတွေရှိပါတယ်။
ဖာပွန်ခရိုင်က အခြေအနေနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၅ က ရုံးတာဝန်ခံ ဗိုလ်မှူး စောကလဲဒိုးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။