KNU ရောင်းချမြေပေါ်က ဖယ်ရှား ခိုင်းတဲ့အကြောင်း မေးမြန်းချက်
2015.12.11
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ က ရောင်းချထားတဲ့ မြေကွက်တွေကို ဝယ်ယူပြီး နေအိမ်ဆောက်လုပ်ထားသူတွေနဲ့ ခြံစည်းရိုးခတ်နေသူတွေကို ဖယ်ရှားပေးဖို့ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။
မြေကွက်တစ်ကွက် ဝယ်ယူထားသူတစ်ဦးဖြစ်တဲ့ ဦးစိန်သောင်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားပါတယ်။