ဌာနဆိုင်ရာတွေကို တိုင်ကြားခွင့် ရရှိဖို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲ
2018.03.08
ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဌာနဆိုင်ရာတွေအပေါ် မကျေနပ်ချက်တွေကို ကိုယ်တိုင် လွယ်ကူစွာ တိုင်ကြားခွင့်ရရှိဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲ ဆိုတာကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးမြန်းခဲ့ပါတယ်။
ပြည်သူတွေ တိုင်ကြားစာတင် မဟုတ်ဘဲ လွှတ်တော်က သုံးသပ်ချက်တွေရေးပြီး ဆောင်ရွက်ပေးဖို့အတွက် တင်ပေးထားတာတွေတောင် အလွန်နှေးကွေးနေတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။