အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရုံးခွဲတွေဖွင့်မယ့်အကြောင်း မေးမြန်းချက်


2018.04.14

အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရေး တပြည်လုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖိုနဲ့ တချိန်တည်းမှာပဲ ရုံးခွဲတွေကို ပြည်နယ်တိုင်းဒေသကြီးအလိုက် ဖွင့်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်တို့ နေပြည်တော်မှာတွေ့ဆုံ ပြီးသမ္မတကြီးရဲ့လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာလို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် ကပြောပါတယ်။

ဒေါ်လဲ့လဲ့သွင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။