လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ မစ္စတာ ကင်တားနား
2014.02.17
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ စစ်ကိုင်းတိုင်း မုံရွာမြို့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာကို ဒီနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေအနေနဲ့ မစ္စတာကင်တားနားကို သူတို့ရဲ့အခက်အခဲတွေကို တင်ပြနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
မစ္စတာကင်တားနားရဲ့ ဒီခရီးစဉ်နဲ့ ကြေးနီစီမံကိန်းက လက်ရှိဆောင်ရွက်နေတဲ့အခြေအနေ ဒေသခံတွေရဲ့ အခက်အခဲတွေအကြောင်း ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။