အက်ဆစ်စက်ရုံကို တိုင်း လွှတ်တော် ရေးရာကော်မတီ စစ်ဆေး
2016.08.13
စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် တွေဟာ ဆားလင်းကြီးမြို့နယ်က မိုးကြိုးဆာလဖျူလ်ရစ်အက်ဆစ်စက်ရုံကို မနေ့က သွားရောက်စစ်ဆေးပြီး လာမယ့် စက်တင်ဘာလမှာ လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။
မနေ့က စက်ရုံကို သွားရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းဒေသကြီးလွှတ်တော်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက အတွင်းရေးမှူး ဦးစောမောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။