မဘသ ဆိုင်းဘုတ်ဖြုတ်ရေး အတင်းအကြပ် မလုပ်
2017.07.22
ပြည်ထောင်စုအဆင့် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက မဘသ ဆိုင်းဘုတ်တွေဖြုတ်သိမ်းရေးနဲ့ ပတ် သက်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေထံ ညွှန်ကြားထားတာကြောင့် ဘားအံမြို့၊ သရက် တောကျောင်းတိုက်မှာ အသစ်စိုက်ထူထားတဲ့ မဘသဆိုင်းဘုတ်ကို စိုက်ထူထားသူတွေဘက် က ဖြုတ်သိမ်းမယ့် အချိန်ကိုသာ စောင့်ကြည်နေတယ်လို့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးမင်းတင်ဝင်း ကပြောပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့က မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်း ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။