မကွေးတိုင်းက ရေကြီးမှုအခြေအနေ


2018.06.15

မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်အတော်များများမှာ ရေလွှမ်းမိုးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတာမှာ မကွေးတိုင်းဟာ အဆိုးဝါးဆုံးလို့ ရေဘေးကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ မကွေးတိုင်း ပွင့်ဖြူတစ်မြို့နယ်ထဲမှာတင် သေဆုံးသူ ၂ ယောက်ရှိပြီး ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းပေးခဲ့ရတဲ့ အိမ်ပေါင်း ၆၆ လုံးရှိခဲ့ပြီးဖြစ်တယ်လို့ ရေဘေးဒုက္ခသည်တွေကိုကူညီနေတဲ့ ပွင့်ဖြူဖွံ့ဖြိုးရေးကွန်ရက်က ကိုကျော်ဆန်းဟန်က ပြောပါတယ်။ ကိုကျော်ဆန်းဟန်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။