မန်တုံမြို့မှ သွားလာမှု ကန့်သတ်
2017.08.08
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ အခုလ ၅ ရက်နေ့က တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတွေနဲ့ မန်တုံမြို့ကနေ အခြားဒေသတွေကို သွာရောက်မယ့် ခရီးသည်တွေကို တပ်မတော်ဘက်က ဒီကနေ့အထိသွားလာဖို့ ကန့်သတ်ထားတာကြောင့် အခက်ခဲတွေရှိနေတယ်လို့ မန်တုံမြို့မှာ နေထိုင်တဲ့ တအာင်းပလောင်အမျိုးသားပါတီ(ဗဟို)ဥက္ကဌ ဦးအိုက်မုန်း ကပြောပါတယ်။
မန်တုံမြို့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တအာင်းပလောင်ပါတီ(ဗဟို)ဥက္ကဌ ဦးအိုက်မုန်း ကို RFA သတင်းထောက် ကိုကံသာ က ဆက်သွယ်မေးမြန်းထားပါတယ်။