ဒုက္ခသည်တွေ လက်ခံရေး အဆင်သင့်ဖြစ်နေတဲ့အကြောင်း မေးမြန်းချက်
2018.01.21
မြန်မာနိုင်ငံဘက် ပြန်လာမယ့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ ပြန်လည်လက်ခံရေး စခန်းနှစ်ခုမှာ ရောက်ရှိနေပြီ ဖြစ်တာကြောင့် လက်ခံဖို့အဆင်သင့်ဖြစ်နေပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင် က ပြောပါတယ်။
ဦးမြင့်ကြိုင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။