ကျားခေါင်းပါတီရဲ့ အမတ်လောင်း ဦးမော်ထွန်းအောင်နဲ့ တွေ့ဆုံ မေးမြန်းခြင်း


2020.08.20

သယံဇာတအရေး ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးမော်ထွန်းအောင်က သယံဇာတ တူးဖော်ရေး လုပ်ငန်းကရတဲ့ အခွန်ငွေကို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ မျှမျှတတ အသုံးချနိုင်ဖို့၊ ပမာဏကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါ ကောင်းကျိုးအပြင် ဆိုးကျိုးတွေပါ ရှိတဲ့အတွက် ဒီဆိုးကျိုးတွေကို ပြည်သူတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်လုပ်ဆောင်ဖို့ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ( ၅) ကနေ ဝင်ရောက် အရွေးချယ်ခံဖို့ ပြင်ဆင်နေပါတယ်။

ပါတီတံဆိပ်ကို အစွဲပြုပြီး ကျားခေါင်းပါတီလို့လည်းခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်လောင်းတစ်ဦးဖြစ်တဲ့  ဦးမော်ထွန်းအောင်ကို RFA သတင်းထောက် မဖြူဖြူခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။