မော်ချီးဒေသက ရဲထွဋ်ကျော် ကုမ္ပဏီ ဒါရိုက်တာနဲ့ မေးမြန်းချက်
2015.10.23
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ မြေပြိုကျခဲ့တာကြောင့် ဒုက္ခသည် စခန်းမှာ နေထိုင်သူ ၅၀၀ လောက်ရှိနေပါတယ်။ သတ္တုတူးဖော်နေတဲ့ ရဲထွဋ်ကျော် ကုမ္ပဏီက ဘူမိဗေဒပညာရှင်တွေကို ဖိတ်ခေါ်ပြီး လူနေထိုင်လို့ ရ၊ မရ စစ်ဆေးသွား မယ်လို့ ပြောပါတယ်။ လက်ရှိမှာ အဲဒီမြေပြိုကျတဲ့ မော်ချီးဒေသက မိုင်းတွင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
ရဲထွဋ်ကျော် ကုမ္ပဏီ ဒါရိုက်တာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်ကို RFA သတင်းထောက် ကိုနေသွေးက တေ့ွဆုံမေးမြန်းထားပါတယ်။